Quantcast
Channel:
Viewing all articles
Browse latest Browse all 113

သွားတုဆိုင်ရာလက်ထောက်ကျွမ်းကျင် (ပြင်ပ)(၉)လသင်တန်းဖွင့်ပွဲ ခမ်းအနားကျင်းပခြင်း

$
0
0

နေပြည်တော်၊ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက်၊ ဗုဒ္ဓဟူးနေ့

          ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော သွားတုဆိုင်ရာလက် ထောက်ကျွမ်းကျင် သင်တန်း(ပြင်ပ)(၉)လသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈: ၀၀)နာရီ တွင် သွားနှင့်ခံတွင်းအထူးကုဆေးရုံ(နေပြည်တော်)၊ သင်တန်းခမ်းမ၌ ကျင်းပပြုလုပ်ရာ ကုသရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ အထူးကုဆရာဝန်များ၊ သင်တန်းနည်း ပြများ၊  သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့သည်။

          အခမ်းအနားတွင် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးမှ အဆိုပါ သင်တန်း၏ရည်ရွယ်ချက်များအနေဖြင့် ဗဟိုအဆင့်ဆေးရုံကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ဆေးရုံများရှိ သွားနှင့်ခံတွင်းဆေးကုသဌာနများတွင် အများပြည်သူများကို သွားကျန်းမာရေး ဝန်ဆောင်မှုများ အရည်အသွေးပြည့်မီစွာကုသပေးနိုင်ရန် (Digital Dentistry) နည်းပညာများဖြင့် ကုသပေးနိုင်ရန်ရည်ရွယ်ပြီး သင်ကြားရေးဆိုင်ရာအတတ်ပညာများကို အခြေခံကျကျ တတ်မြောက် စေရန်၊ ခေတ်မီစက်ပစ္စည်းကိရိယာများကို ပံ့ပိုးထောက်ပံ့ပေးထားပြီး၊ ကျွမ်းကျင်သော သွားတုပညာ ရှင်များဖြစ်အောင် ကြိုးစားသင်ယူသွားကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

          အဆိုပါသင်တန်းကို သွားနှင့်ခံတွင်းအထူးကုဆေးရုံ(နေပြည်‌တော်)၌ သင်ကြားပို့ချမည်ဖြစ် ပါသည်။  သင်တန်းကာလမှာ (၂-၉-၂၀၂၄)ရက်နေ့မှ (၂-၆-၂၀၂၅)ရက်နေ့အထိ (၉)လပြုလုပ်မည် ဖြစ်ပြီး တိုင်းဒေသကြီး/ ပြည်နယ်များမှ သင်တန်းသား ကျား(၄)ဦး၊ မ(၁၄)ဦး စုစုပေါင်း(၁၈)ဦး တက်ရောက်နေကြောင်း၊ သင်တန်းပြီးမြောက်ပါက ကုသရေးဦးစီးဌာနအောက်ရှိ ဗဟိုအဆင့် ဆေးရုံကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံများမှ သွားနှင့်ခံတွင်းဆေးကုဌာနများတွင် တာဝန် ချထားပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

 သင်တန်းသားများ လက်တွေ့လေ့ကျင့်နေပုံ

Computer Aid Designing and Computer Aid Milling Machine


Viewing all articles
Browse latest Browse all 113

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...